8年生歴史教科書を読む②白色中国の侵入
コンテンツ > コンテンツ一覧 > コンテンツ(歴史)
2016-2017年度 8年生歴史教科書より
တရုတ်ဖြူကျူးကျော်မှု
ပြည်ပမှကူမင်တန် (K.M.T=Kuomintang) ကျူးကျော်မှု အန္တရာယ်လည်းရှိခဲ့သည်။ ၎င်းကူမင်တန်တို့ကို တရုတ်ဖြူဟူ၍လည်းခေါ်ကြ၏။ ၁၉၄၉ တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ အာဏာရရှိကြပြီး ပြိုင်ဘက်ဖြစ်သော ကူမင်တန်အစိုးရသည်တိုင်ဝမ်ကျွန်းသို့တိမ်းရှောင်ထွက်ပြေးရသည်။ ယူနန်နယ်ရှိကူမင်တန်တပ်များလည်း ၁၉၅ဝ တွင် မြန်မာ့နယ်မြေတွင်းသို့ ကျူးကျော်ဝင်ရောက်လာ၏။ ကူမင်တန်ကျူးကျော်မှုသည် မြန်မာနိုင်ငံအတွက်ပြဿနာတစ်ရပ်ဖြစ်ခဲ့၏။ ကူမင်တန်တပ်သား တစ်သောင်းခုနစ်ထောင်မျှ ကျိုင်းတုံနယ်ကို ဝင်ရောက်လျက် ပြည်သူများကို ညှဉ်းပန်းမှုများ ပြုလုပ်ကြ၏။ ၁၉၅ဝ၊ မေ ၂၅ တွင် နယ်စပ်ဒေသရှိ ကျူကုတ်မြို့ကို တိုက်ခိုက်ကြ၏။ မြန်မာအစိုးရက လက်နက်ချအဖမ်းခံရန် သို့မဟုတ် တိုင်ဝမ်ကျွန်းသို့ ပို့ပေးခြင်းကို လက်ခံရန် ရာဇသံပေးရာ လက်မခံဘဲ ဆက်လက်တိုက်ခိုက်ကြ၏။ ၁၉၅ဝ-၅၁ တွင် ကူမင်တန်များ ပို၍ပင်များပြားလာသည်။ ထို့ကြောင့် မြန်မာအစိုးရက ၁၉၅၂ ဇန်နဝါရီတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကူမင်တန်ကျူးကျော်မှု ပြဿနာကိုတင်ပြသည်။ ကျူးကျော်မှုကို ကြည့်မနေပါဟု ကုလသမဂ္ဂက ကတိပြုသော်လည်း ပြဿနာမှာ ပို၍ဆိုးရွားလာသည်။ မြန်မာအစိုးရက ၁၉၅၃ ဧပြီတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကူမင်တန်ကျူးကျော်မှုကို ရှုတ်ချ၍ ကျူးကျော်မှုကိုရပ်စဲရန် အဆိုကိုတင်သွင်းပြန်သည်။ အမေရိကန်အစိုးရက အတိုက်အခံပြုသောကြောင့် ကူမင်တန်ဟုအမည်မတပ်ဘဲ နိုင်ငံခြားမှ လက်နက်ကိုင်တပ်များဟုသာ အမည်တပ်ခဲ့ရ၏။ ဗမာ့တပ်မတော်က ကျူးကျော်သူကူမင်တန်များကို
ထိုးစစ်ဆင်ခဲ့သည်။ ၁၉၅၃ စက်တင်ဘာမှစ၍ မြန်မာနိုင်ငံရှိ တပ်များကိုရုပ်သိမ်းသွားခဲ့ရာ ၁၉၅၆ တွင် မြန်မာနိုင်ငံတွင်း၌ ကူမင်တန် သုံးထောင်မျှသာကျန်ရှိတော့သည်။
白系中国の侵入
国外からクーミンタン(K.M.T=国民党)の侵入という危難が生じた。そして、国民党勢力は、白系中国とも呼ばれる。1949年、中国国内で共産党勢力が権力を獲得し、対する国民党政府は、台湾島へ逃れざるを得なかった。雲南省にいる国民党軍は、1950年にミャンマー領土へと侵入してきた。国民党軍の侵入は、ミャンマー政府にとって重大問題の一つであった。国民党軍兵士およそ1万2千人は、チャイントンへと侵入し、国民を脅かす存在となった。1950年、5月25日には国境地域のチューコウッ市(*現ပန်ဆိုင်းမြို့ パンサン)を攻撃した。ミャンマー政府は、投降または台湾島への移送を受け入れるように勧告したところ、受諾されることなく戦闘は継続した。1950~51年、国民党勢力は、一層、勢力を拡大した。それゆえ、ミャンマー政府は1951年1月に国際連合総会へと国民党侵入問題を議題にあげた。侵入問題を静観しないと国際連合が約束したものの、問題は、より悪化していった。ミャンマー政府は、1953年4月に、国際連合総会へ、国民党侵入を非難して侵入を直ちに止めるように再度表明した。アメリカ政府が、反対の立場を取ったため、国民党という名前を使わずに“外国からの武装勢力“という名称を使用した。ビルマ国軍は、侵入者たる国民党勢力に対して攻勢をしかけた。1953年9月からミャンマー国内にいる勢力を退却させ、1956年のミャンマー国内の国民党勢力は、3千人あまりを残すこととなった。